စေတုတ္တရာ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးစည်းအဝေးခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနိူင်းအစည်းဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အလွတ်တန်းပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအလိုက် ညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်အားကာမှူးဦးမြတ်စိုးလင်းက (၇၅) နှစ်မြောက်၊ စိန်ရလွတ်လပ်ရေးနေ့တွင် ကျင်းပဆောင်ရွက်မည့် အားကစားနည်းများအလိုက် ပြိုင်ပွဲများ၊ အလွတ်တန်းပျော်ရွှင်ပွဲများ စီစဉ်ဆောင်ရွက်ထားမှုများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများက ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအပေါ်အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အားကစားပြိုင်ပွဲများ လူထုမှ စိတ်ဝင်တစား ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကြိုတင်၍ ပြည်သူလူထုသိရှိနိုင်ရေး ဆောင်ရွက်ပေးသွားရန် နိဂုံးချုပ်ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
တင်မိုးညွန့် (ပြန်/ဆက်)