တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ " အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

တာမိုးညဲ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာဂျွန် (မြန်မာပြန်)၏"အချိန်စီမံခန့်ခွဲခြင်းဖြင့် အောင်မြင်မှုရယူခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခေါန်မိုင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ စာရေးဆရာဂျွန် (မြန်မာပြန်)၏ ‘အချိန်စီမံ ခန့်ခွဲခြင်းဖြင့်အောင်မြင်မှုရယူခြင်း" စာအုပ်ပါ အကြောင်းအရာများကို စာအုပ်စာစောင်ချစ်မြတ်နိုးသူ မမေဇင်မိုး ဖတ်ကြားဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှလည်း စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တာမိုးညဲ(ပြန်/ဆက်)