မင်းလှ ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများကို လစဉ်ပုံမှန်ရုံးဖွင့်ရက်(၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီမှစတင်ကာ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ဒီဇင်ဘာလအတွက် ပင်စင်ထုတ်ယူမည့်ဦးရေ (၂၃၀၀)ကျော်အနက်မှ လစဉ်(၁၇၀၀)ဦးကျော်ခန့်သာထုတ်ယူလျက်ရှိပြီး၊ ဒီဇင်ဘာလ ၂၁ ရက်မှစတင်ကာ နံနက် ၇ နာရီမှ နေ့လည် ၂ နာရီအထိ ပင်စင်လစာငွေများကို ရပ်ကွက်/ကျေးရွာများအလိုက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများ အနေဖြင့် ၎င်း၏မိသားစုဝင် တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူသူများကို စနစ်တကျထုတ်ပေးလျက်ရှိသည်။
ဘဏ်ဖွင့်သည့် ရုံးချိန်အတွင်း မည်သည့်ရက်တွင် မဆိုလာရောက်ထုတ်ယူနိုင်ပြီး ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။
ပေါက်စ (မင်းလှ)