မြဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ စတင်ထုတ်ပေး

မြဝတီ ဒီဇင်ဘာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်  မြန်မာ့စီးပွားရေးဘဏ်၌  နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း သက်ကြီးပင်စင်စားများ၏လစာငွေကို ကိုယ်တိုင်ထုတ်ယူ၍ သော်လည်ကောင်း၊ ကိုယ်စားလှယ်လွှဲစာဖြစ်သော်လည်းကောင်း ထုတ်ယူနိုင်ရန် စီစဉ်ပေးထားပြီး နေရာအခက်အခဲမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း လူစု၊ လူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအညီ အချိန်တိုအတွင်း  အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက်   မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက စာရင်းဖြည့်သွင်းခြင်းများကို  ကူညီဆောင်ရွက်ပေးသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ပင်စင်စားဦးရေ ၃၃၀  ဦး လာရောက်ထုတ်ယူပြီးဖြစ်ကာ ကျန်ရှိသူများကိုလည်း သတ်မှတ်ရက် ဘဏ်ဖွင့်ချိန်အတွင်း  နေ့စဉ်နံနက်  ၉ နာရီမှ  ညနေ ၃ နာရီအထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။

ခရိုင်(ပြန်/ဆက်)