တိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်

မကွေး          ဒီဇင်ဘာ        ၂၁

မကွေးတိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်တွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပပြီး အနိုင်ရသောပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံ့တာဝန်လွှဲပြောင်းပေးနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်ဦးဆောင်၍ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခဲ့ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မှန်ကန်သည့်မဲစာရင်းများရရှိနိုင်ရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးမှုမှ ရရှိလာသည့်စာရင်းကို အခြေခံ၍ဆောင်ရွက်သွားမည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းများအတွက် သင်တန်းပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများသိရှိကာ ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် ရုပ်မြင်သံကြားအစီအစဉ်များနှင့် သတင်းစာများမှတစ်ဆင့် အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့မကွေးတိုင်းဒေသကြီးအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် လိုအပ်ချက်များအပေါ် စိစစ်ဖြေရှင်းနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်ဝန်ထမ်းများပါဝင်သည့်(Working Group)များကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှပို့ချသည့် ဗဟိုအဆင့်နည်းပြသင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး(၅)ဦးအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းအား ခရိုင်(၅)ခုတွင် တစ်ပြိုင်နက်တည်း ပြန်လည်ပို့ချသွားမည်ဖြစ်သည့်အပြင် မြို့နယ်(၂၀)မြို့နယ်တွင်လည်း သင်တန်းပေါင်း(၁၂၄)ခုဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါကြောင်းနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့်လည်း မိမိတို့မြို့နယ်အသီးသီးရှိ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူကြမည့်အဖွဲ့များအား မြေပြင်လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်သင်တန်းပိုးချပေးရမည့် အဓိကတာဝန်ရှိသူများဖြစ်သောကြောင့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာဖြင့် နိုင်ငံတော်၏ အရေးကြီးသည့်လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီသွားကြပါရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ မကွေးတိုင်းဒေသကြီး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မကွေးတိုင်းဒေသကြီးအနေဖြင့် မကွေး၊ မင်းဘူး၊ ချောက်၊ သရက်နှင့် အောင်လံခရိုင်တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းများသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသားစုစုပေါင်း(၁၂၅)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကို (၂၀.၁၂.၂၀၂၂)ရက်နေ့မှ (၂၁.၁၂. ၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ