ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အမှတ် (၁၂) မြောင်း၊ အမှတ်(၁၃)မြောင်းတူးဖော်ခြင်းလုပ်ငန်းအပိုင်း(၂)လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ(၁၄၃.၁၇၀)ကျပ်သန်းဖြင့် အမှတ်(၁၂)မြောင်း၊ အမှတ် (၁၃)မြောင်းတူးဖော်ခြင်းလုပ်ငန်းအပိုင်း(၂)လုပ်ငန်းများအား ယ‌နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ(၁၄၃.၁၇၀)ကျပ်သန်းဖြင့် အမှတ်(၁၂)မြောင်း၊အမှတ်(၁၃) မြောင်းတူးဖော်ခြင်းလုပ်ငန်းအပိုင်း(၂)ကို ရွေကဆုန်ကုမ္ပဏီမှထိပ်ဝ အကျယ်(၄၀)ပေ၊ အောက်ခြေအကျယ်(၂၀)ပေ၊ ပျှမ်းမျှအနက်(၁၀)ပေ၊ မြောင်းအလျား(၁၀၀၀၀)ပေ တူးဖော်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး၍ တောင်သူများနှင့်ရင်းနှီးစွာတွေ့ဆုံမေးမြန်းပြီး တာဝန်ရှိသူ များမှ ရှင်းလင်းတင်ပြကြရာ ရှင်းလင်းတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချူပ် ဦးတင်မောင်ဝင်းက လမ်းညွှန်မှာကြားခဲ့သည်။

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်းပြန်/ဆက်)