ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း စာပေဟောပြောပွဲ ကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၂၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အခြေခံစာကြည့်တိုက် ပညာသင်တန်း အမှတ်စဉ်(၂) စာပေဟောပြောပွဲ အခမ်းအနားကို ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာရေးဆရာ မြင်းမူမောင်နိုင်မိုးက ၎င်း၏ ငယ်ဘဝဖြတ်သန်းခဲ့ပုံများ၊ တပ်မတော်သားဘဝ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပုံများ၊ ကြုံဆုံခဲ့ရသောဘဝအတွေ့အကြုံအဖုံဖုံ အတ္ထုပတ္တိကို စိတ်ဝင်စားဖွယ်‌ဟောပြောခဲ့ပြီး တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအား ယခုစာကြည့်တိုက်သင်တန်းမှ သင်ယူလေ့လာခဲ့သည့် ပညာရပ်များကို လက်တွေ့အသုံးချ၍ ပြည်သူများထံသို့ ဗဟုသုတများ မျှဝေပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ထိုနောက် စာရေးဆရာ မြင်းမူမောင်နိုင်မိုးအား တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များမှ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဝင်များ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသားကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၄၈)ဦး တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ(၁၉)ရက်မှ (၂၁)ရက်အထိ (၃)ရက်ကြာ အခြေခံစာကြည့်တိုက်ပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စန္ဒာမိုး(ပြန်/ဆက်)