(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်တွင်းကြီး  ဒီဇင်ဘာ   ၂၃

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို လူငယ်ချစ်ကြည်ရေး အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်အုပ်စု၊ ချောင်းနက်(အနောက်) ကျေးရွာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အတွင်းရေးမှူးရဲမှူး အောင်မိုးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဆက်လက်ကျင်းပရာ ချောင်းနက်အနောက်လူငယ်လက်ရွေးစင်(က)အသင်းက ဖျောက်ဆိတ်ကုန်း လူငယ်လက်ရွေးစင် အသင်းကို  (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲ‌ခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးအောင်မိုးခိုင်၊ အဖွဲ့ဝင်(၂)ဦးလှသောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများကို ငွေသားဆုနှင့် ဒိုင်းဆုများကို လည်းကောင်း၊  ပွဲစဉ်တစ်လျောက် ဂိုးအများဆုံး သွင်းနိုင်သူဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းကစားသမားဆု၊ အကောင်းဆုံးကွင်းလယ်ကစားသမားဆုစသည့် တစ်ဦးခြင်းဆုများကိုလည်း‌ကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်တွင် ဆု‌ကြေးအဖြစ် ပထမဆု၊(၁၅၀၀၀၀)ကျပ်၊ ဒုတိယဆု(၁၀၀၀၀၀)ကျပ်၊ တတိယဆု(၆၀၀၀၀)ကျပ်၊ စတုတ္ထဆု(၅၀၀၀၀)ကျပ်တို့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် လူငယ်ချစ်ကြည်ရေးအမျိုးသားဘောလုံးပြိုင်ပွဲသို့ ကျေးရွာများမှ ဘောလုံးအသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)