သာယာဝတီ ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် သာယာဝတီခရိုင်အဆင့် ကျောင်းသား၊ ကျောင်းသူများအား လူရွေးချယ်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ခရိုင်အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲသို့ ခရိုင်ပညာရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင် ၊ ခရိုင်အားကစားအတွင်းရေးမှူး ဆရာ ဦးတင်ထွဋ်ဦးတို့နှင့် ခရိုင်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တို့မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့်ယှဉ်ပြိုင်ခဲ့ကြသည်။
အားကစားပြိုင်ပွဲအား ပြိုင်ပွဲနေရာ ၂ နေရာခွဲ၍ ဘောလုံး(ကျား/မ) ၊ လေလီဘော(ကျား/မ) ၊ ပြေးခုန်ပစ်(ကျား/မ) ၊ပိုက်ကျော်ခြင်း(ကျား) ပြိုင်ပွဲများအား စတင်ကျင်းပပြုလုပ်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ ပြိုင်ပွဲအသီးသီးမှ ကျောင်းသား၊ကျောင်းသူများအား ရွေးချယ်၍ တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲသို့ ဆက်လက်ပါဝင်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အားကစားပြိုင်ပွဲအား ဒီဇင်ဘာလ (၂၃) ရက်မှ (၂၄) ရက်နေ့ထိ ကျင်းပကာ လူရွေးချယ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)