မိုင်းရှူး ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်ရှိန် မြှင့်တင်စေရန်၊ စာဖတ်သူ တိုးပွားလာစေရန်နှင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ သုတ/ရသ၊ မဂ္ဂဇင်းနှင့် ဝတ္ထု စုစုပေါင်း (၁၀၀)အုပ် ငှားရမ်းပေးပြီး အပတ်စဉ် စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)