ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် သုတရသစာအုပ်များလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စာကြည့်တိုက်ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဦးထွန်း(ကျယ်ဂေါင်)မှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ စက်ကုန်းကျေးရွာ စာအုပ်အလှူရှင် ဦးသိန်းဆွေမှ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဆွေးနွေးပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူအသီးသီးက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းရရှိသည့် သုတရသ စာအုပ်မျိုးစုံကို ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲတွင် အလှူရှင်အသီးသီးမှ သုတရသစာအုပ်မျိုးစုံ ၁၆၀၀ အုပ်ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သားငယ် ( ပုဗ္ဗသီရိ)