ကျွန်းလှ ဒီဇင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကြက်သွန်ဖြူ စိုက်ပျိုးသူများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုအတွက် အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
“ကျွန်တော် နေအိမ်ဝင်းအတွင်း နှစ်စဉ်မြေအောက်ရေတင်ပြီး ကြက်သွန်ဖြူ စိုက်ပျိုးပါတယ်။ ယခင်နှစ်က အရှည် ၅၀ ပေ၊ အကျယ် ၄ ပေ ရှိတဲ့ ကြက်သွန်ဖြူခြောက်ဘောင် စိုက်ပျိုးခဲ့ရာ ပိဿာ ၁၀၀ ထွက်ရှိပြီး တစ်ပိဿာငွေကျပ် ၄၀၀၀ ရောင်းခဲ့ရပါတယ်။ ဒီနှစ်တော့ ခုနှစ်ဘောင် စိုက်ပျိုးထားရာ မျိုးဖိုး၊ နှုံးမြေ၊ မြေဩဇာဖိုး အပါဝင်ငွေကျပ် ၁၅၀၀၀၀ ခန့်ကုန်ကျပြီး အောင်မြင် ဖြစ်ထွန်းနေပါတယ်။ လက်ရှိပေါက်ဈေး တစ်ပိဿာ ငွေကျပ် ၆၀၀၀ ဈေးရှိပါတယ်” ဟု ကြက် သွန်ဖြူ စိုက်ပျိုးသူတစ်ဦးက ပြောပြသည်။
ကျွန်းလှမြို့အတွင်းရှိ ရပ်ကွက်များတွင် မြေအောက်ရေဖြင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးပျိုးကြရာ မိသာစုဝင်ငွေရရှိနေကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)