ကော့ကရိတ်မြို့၌ (၃၁)ကြိမ်မြောက် နေ့/ညအသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ (၃၁)ကြိမ် မြောက်နေ့/ည အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀)ချိန်က ဇိနသုခ လောကသရဖူ စေတီတော်ကြီးရှိ သဟပုည ကာရီ သာသနာ့ဗိမာန်တော်အတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များက အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်လှစ်ရန် တိုက်တွန်နှိုးဆော်လွှာဂါထာ၊ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဘုရားရှင်ကိုယ်တော်မြတ် အားပင့်ဆောင်ခြင်း၊ နတ်ဗြဟ္မာများ ဖိတ်ကြားခြင်းနှင့် ခရင်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုနောက် သံဃာတော်များက အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို ဆက်လက်ရွတ်ဆို ပူဇော်ခဲ့ကြသည်။ အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများက တက်ရောက်ကြပြီး ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ( ၂၇) ရက်နေ့အထိ ( ၅) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)