နမ့်ဆန်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

နမ့်ဆန် ဒီဇင်ဘာ ၂၃ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်စီမံကိန်းရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာနိုင်သည့် စာပေကို ချစ်မြတ်နိုးသူ မိဘပြည်သူများ စာပေကို လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ယခင်ငှားရမ်း ပေးထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းပြီး စာဖတ်သူအကြိုက်တွေ့စေမည့် စာအုပ်စာစောင်အသစ်များ ဖြစ်သော သုတ/ရသစာအုပ်များ မဂ္ဂဇင်း၊ ရုပ်ပြများကို ပြန်လည်ငှားရမ်းပေးခဲ့သည်။ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို နမ့် ဆန်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များ၊ ကျောင်းများသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)