ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင်စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာရေးဆရာ ကောင်းပြည့်သော်ရေးသားသည့် စိတ်ဓာတ်ခွန်အားစကား (၁၀၀) စာအုပ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်) က အချိန်ယူပြီး ကြိုးစားပါ၊ ကိုယ့်ကိုယ်ကိုယ်ပန်းတိုင်ရောက်အောင် ပို့ဆောင်ပါ၊ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အချက်(၅)ချက်၊ ဘဝရဲ့လေးစားလိုက်နာရည့် အချက်(၅)ချက် စသည့်စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အောင်မြင်ချင်တဲ့ လူငယ်တွေ၊ ကြောက်စိတ်တွေကိုဖယ် လိုက်ပါ၊ပေါင်းသင်းဆက်ဆံရေးမှာ ရေရှည်စေတဲ့အချက် စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်သူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပြေားကြားခဲ့ကြောင်း သိရသည်။

တင်တင်ထွေး