ဘိုကလေးမြို့နယ်တွင် ဘင်ခရာတီးခတ်နည်း သင်တန်း ဖွင့်လှစ်ပို့ချ

ဘိုကလေး ဒီဇင်ဘာ ၂၃

ကျောင်းသား/သူများ အနေဖြင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်ကာလအား အကျိုးရှိစွာ အသုံးချ နိုင်စေရေးနှင့် ဂီတနှင့် ကျွမ်းဝင်မှု ရှိစေရေး၊ လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဘိုကလေးမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား/သူများအား မြို့လယ်ချိုကြည် သာသနာ့ဗိမာန်တွင် ဘင်ခရာတီးခတ်နည်း သင်တန်း ပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းအား ဒီဇင်ဘာ (၂၂)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ(၂၆)ရက်နေ့ထိ (၅)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသက်နိုင်နှင့် တပ်ဖွဲ့ဝင်များမှ ဂီတနုတ်များဖြင့် စနစ်တကျ ပုလွေမှုတ်နည်း၊ ဘင်ခရာတီးခတ်နည်းများအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ အလယ်တန်းကျောင်းသား/သူ (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)