အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၂) ရပ်ကွက် မင်္ဂလာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
Dec 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းနှစ်လမ်းအား  ဒီဇင်ဘာလ  ၂၄ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်ရာ စာပေ ဝါသနာပါသည့် ပညာရေးဌာနမှ ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Dec 25,2022
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ Certificate သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စု၊ ကျောက်ဆည်တက္ကသိုလ် Theatre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Dec 25,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး Talk Show နှင့် စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
Dec 25,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်း ဆောင်းဆီထွက်သီးနှံနေကြာ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူပညာပေးကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာ ကွင်းအမှတ်(၆၄၆)၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ သန့်ရှင်းသာယာလှပရေး အောက်ရွာကျေး ရွာအုပ်စု၊ ကျော်ဇံဆီဆိုင်ကုန်းအနီး လမ်းဆုံလမ်းဘေးဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။