မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နေပြည်သူများထံမှ အမှိုက်တစ်ပိဿာလျင် (၁၀၀)ကျပ်နှုန်းဖြင့် စတုတ္ထအကြိမ်ထပ်မံဝယ်ယူ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ လမ်းဘေးဝဲယာအမှိုက်များ ကင်းရှင်းစေရေးနှင့်  Clean City, Green City, Smart City ဖြစ်လာစေရေးအတွက်  မြို့နယ်နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များအား တစ်ပိသာလျင်(၁၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူခြင်းလုပ်ငန်းအား စတုတ္ထအပတ်စနေနေ့အဖြစ် ယနေ့နံနက် ၈ နာရီအချိန်မှ နံနက် ၁၁ နာရီအချိန်အထိ အမှတ်(၁၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်းမကြီး၊ တောရအခြေခံပညာမူလန်းကျောင်းရှေ့၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်တို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး  မြို့နယ်‌နေပြည်သူများသုံးစွဲခဲ့သည့် စွန့်ပစ်အမှိုက်များ၊ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် လူ့အသုံးဆောင်စွန့်ပစ်ပစ္စည်းများအား တစ်ပိဿာလျှင် ကျပ်(၁၀၀)နှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး အပတ်စဉ်စနေနေ့တိုင်းတွင် ဆက်လက်ဝယ်ယူသွားမည်ဖြစ်ကာ ကုန်ကျစရိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးချေဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)