တောင်ကြီး ဒီဇင်ဘာ ၂၄
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါလူထုစုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာလွှတ်ပေးပြီး ပြည်နယ်အားကစားကွင်းအတွင်း (၄)ပတ်လမ်းလျှောက်ကြ၍ ကိုယ်လက်သွေးပူလေ့ကျင့်ခန်းအတွဲ(၁) အမှတ် (၂) ပြုလုပ်ကြပြီး အကြောဖြေလေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်လမ်းလျှောက်ကြပြီး အားကစားပြိုင်ပွဲများ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သောအဖွဲ့ ပြည်နယ်အဆင့် ဌာနဆိုင်များမှ အကြီးအကဲတို့က ဂေါက်သီး ပတ်တာပတ်ပြိုင်ကြပြီး ဆုပေးပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဂေါတ်သီးပတ်တာပတ်တွင်ဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒီဇင်ဘာစတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ အထိမ်းအမှတ် တောင်ကြီးမြို့ပေါ် ရှိကျောင်းပေါင်းစုံ အေးရိုးဗစ်ပြိုင်ပွဲကျင်းပရာပြိုင်ပွဲဝင် အသင်း(၁၃)သင်းပါဝင် ယှဉ်ပြိုင် ကြကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)