တာချီလိတ်မြို့၌ ဖမ်းဆီးရရှိသည့် ဆိုင်ကယ်ပါဝါအိတ်ဇောများ ဖျက်ဆီးခြင်းအခမ်းအနားကျင်းပ

တာချီလိတ် ဒီဇင်ဘာ  ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း စက်သံဆူညံစွာတပ်ဆင်မောင်းနှင့်သော မော်တော်ဆိုင်ကယ်များမှ သိမ်းဆည်း ထိန်းသိမ်းထားရှိသည့် ပါဝါအိတ်ဇောများဖျက်ဆီးခြင်း အခမ်းအနားကို ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ဒီဇင်ဘာလ ၂၄ ရက် နံနက် ၈ နာရီက ခရိုင်စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ်လမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊ အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် စက်သံဆူညံစွာ ပါဝါအိတ်ဇော တပ်ဆင်မောင်းနှင်ခဲ့သော မော်တော်ဆိုင် ကယ် ၃၅၂ စီးအား မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲတင်ခဲ့ပြီး သိမ်းဆည်းထားရှိခဲ့သော ပါဝါအိတ်ဇောများအား ဗိုလ်ချုပ်လမ်းမပေါ်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်၍ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ်ဦးထုပ်များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)