သထုံမြို့နယ်၌ မွေးမြူရေးပညာပေးသင်တန်း ဖွင့်လှစ်

သထုံ    ဒီဇင်ဘာ     ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆိပ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းနိုင်  ဝက်မွေးမြူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ဝက်နားရွက်ပြာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအား ကြိုတင် ကာကွယ်ရမည့် အချက်များကို အသိပညာပေး ဆွေးနွေးရာ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များက သိလိုသည်တို့ကို မေးမြန်းပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါသင်တန်းကို ဆိပ်ကျွန်းကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ တစ်နိုင်တစ်ပိုင်  ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး တစ်ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)