မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

မြောင်းမြ ဒီဇင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်  သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်က မြောင်းမြမြို့အတွင်းရှိ စျေးများအတွင်းတွင် ပလတ်စတစ်အိတ် မသုံးစွဲရနေ့အား သိရှိလိုက်နာကြရန်  အသိပညာပေး ခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ စားသောက် ကုန်ပစ္စည်းများကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်အစား ငှက်ပျောရွက်၊ ကြာရွက် စသည့် ထုပ်ပိုး၍ ရသည့် ဖက်ရွက်များ၊ စက္ကူများဖြင့် အစားထိုးသုံးစွဲ ရောင်းချကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)