စလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စလင်း  ဒီဇင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု (မြောက်) ရုံးပင်ကန်ကျေးရွာရှိ အထက်တန်းကျောင်းခွဲကျောင်းဆောင်သစ် ၊ (R.C.C) (၂)ထပ် ရေမီးအပါအဝင် ကျောင်းဆောင်နှင့်၊ မူလွန်၊ ရေနားကျောင်း၊ (R.C.C.Long. Post (၁) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့မြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ညောင်ပင်လယ်ကျင်းကျေးရွာအုပ်စု(မြောက်၊ ရုံးပင်ကန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် (အလျား ၁၄၀ အနံ ၃၀ ပေ) (R.C.C.   (၂)ထပ် ရေမီးအပြည့်အစုံကျောင်းဆောင် ဆောက်လုပ်နေမှု (၁၅) ရာခိုင်နှုန်း ပြီးစီးနေမှုနှင့် အဆိုပါကျောင်းတွင် ကျောင်းသား/  သူစုစုပေါင်း (၁၀၇) ဦးနှင့် ဆရာ/ဆရာမ (၈)ဦး ပညာသင်ကြားပေးနေကြောင်းနှင့် မူလွန်၊ ရေနားတန်ကျေးရွာ (အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၉ ပေ၊ (R. C. C.   Long Post (၁)ထပ်ကျောင်း (၂၀) ရာခိုင်နှုန်းပြီးစီးမှုနှင့် အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀၇) ဦးနှင့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ( ၈)ဦး သင်ကြားပေးနေကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးသီဟစိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှဦးစီးမှူး ဦးတင့်ဇော်နှင့် တာဝန်ရှိဌာနဆိုင်ရာများလိုက်ပါ၍ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မိပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)