ကသာခရိုင်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ကသာ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား (အလွတ်တန်း) ဘောလုံးအားကစားပြိုင်ပွဲများကို ယနေ့ နံနက် (၈)နာရီ အချိန်က ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန မီတာ(၄၀၀)ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ကောင်းမွန်စွာ ယှဉ်ပြိုင်ကြရန် မှာကြားခဲ့သည်။

အဆိုပါ (အမျိုးသား) အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင်  မြို့ပေါ်ရပ်ကွက်များမှ အားကစား အသင်း(၈)သင်းတို့က အုပ်စုပတ်လည် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး အဖွင်ပြိုင်ပွဲတွင် The king အားကစားအသင်းနှင့် စက်မှုအားကစားအသင်း ယှဉ်ပြိုင်ခဲ့ရာ The king အားကစားအသင်းက (၂)ဂိုး(၁) အနိုင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်း ဆက်လက်၍ ဆုချီးမြှင့်ပွဲနှင့် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းထံမှ သိရသည်။

ကျော်စွာ(ကသာ)