ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာလာရောက်လျက်ရှိကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးကပြောကြားသည်။
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ် တန့်ကြည်တောင်စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ရွှေ လိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့်စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာအခက်အခဲဖြစ်သည်အထိလာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့် သည်များပြားလျက်ရှိကြောင်းသိရသည်။
ပွဲတော်အချိန်ခါမဟုတ်သည့်(အခါကြီးရက်ကြီး)အချိန်မှာပင် ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း ပြည်ပခရီးသွားအဆက်မပြတ်သည့်မြို့ဖြစ်ကာသီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်/ကျောင်း ပိတ်ရက်များတွင် ပုဂံဒေ သ၏ အလွန်ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအ တွင်း နေရာစိပ်စိပ်နှင့်လက်ညှိုးထိုးမလွှဲ တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲ တဆက်တစပ်ထဲ ဘုရားပုထိုးများဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပခရီးသွားများကို အလွန်ပင်စွဲဆောင်လှကြောင်း ပုဂံ ဒေသဘယ်နှစ်ခေါက်ရောက်ရောက် ထပ်ထပ်ကာ လာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့ လိုက် ဘုရားဖူးလာရောက်ကြသည့် မခင်သူဇာက ပုဂံဒေသအကြောင်းပြောပြကာ ဘုရားဖူးများ၊ ခရီးသွားပြည်တွင်းပြည်ပခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦးဆရှေးဟောင်း နယ်မြေအားတန်ဘိုးထားလို့သာ ထပ်ကာထပ်ကာလာရောက်ကြကြောင်း ရေစကြိုမြို့မှဘုရားဖူး လာရောက်သည့် ဒေါ်စန်းစန်းကပြောပြကာ ခရစ္စမတ်အားလပ်ရက် ပုဂံ-ညောင်ဦးဘုရားဖူးလာ ရောက်သူ တစ်သိန်းငါးသောင်းဦးကျော်လာရောက်ဖူးမြှော်ကြကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများကပြောကြား၍သိရသည်။
ပုဂံရှေဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရဘုရား၊ သာသနိကအဆောက်အအုံများနှင့် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းမကြီး တလျှောက်ဖွင့်လှစ်ရောင်းချနေကြသည့် ရိုးရာထန်းတဲများ၌လည်း ခရီးသွားဘုရားဖူးများဝင်ရောက်မှုများပြားလျက်ရှိနေခြင်းကြောင့် ထန်းလျက် အမျိုးမျိုးရောင်းချရခြင်း၊ ဆုံကြိတ်ဆီဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီများရောင်းချရမှုများနေကာ ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင်လည်း အီးဗိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ကားအငှားလိုက်သူများအဆင် ပြေနေကြကာစားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များအလုပ်အကိုင်အဆင်ပြေနေကြကြောင်းလည်းသိရသည်။
ကိုကြေးမုံ