သာပေါင်း ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ မြို့ပေါ်ရပ်ကွက်များအတွင်းလှည့်လည်ကာ ဧည့်စာရင်း စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးဝင်းနိုင်ဦး၊ ဒုတိယရဲအုပ်အောင်လွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယလဝကမှူး ဦးဟိန်းမင်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသက်မြင့်နှင့် ရပ်ကျေးစာရေးတို့မှ ကညင်ချောင်းလမ်း၌ ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
သာပေါင်းမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူများ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း