ကျွန်းလှ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြေပြင်ကွင်းကောက်ယူရေးအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် လိုက်နာရမည့်အချက်များကို သိရှိရန်လိုကြောင်း၊ သင်ကြားပို့ချမှုကို လေ့လာမှတ်သားကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦးတက်ရောက်ကြပြီး စာတွေ့၊ လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)