မြို့သစ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

မြို့သစ် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့သစ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့သစ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ရတနာခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က အဖွင့်အမှာ စကားပြောကြားပြီး၊ Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်က လူမရှိသော နေအိမ်များတွေ့ရှိပါက အိမ်ထောင်စု လူဦးရေစာရင်းတွင် ကန့်လန့်ခြစ်၍ အောက်ခြေတွင် “လူမရှိ”ဟု မှတ်ချက်ရေးသွင်းရန်၊ အိမ်ထောင်စု လူဦးရေစာရင်းတွင် ဖော်ပြထားသည့် လူအားလုံးနေထိုင်ခြင်း ရှိ/မရှိ မေးမြန်းရန်၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ဖော်ပြထားသည့် လူအစုံမရှိပါက မည်သည့်နေရာသို့ သွားရောက်နေသည်ကို မှတ်ချက်တွင် ရေးသားဖော်ပြပေးရမည်၊ မှတ်ချက်တွင်ရက်ရှည်၊ ခရီးလွန်၊ (၃)လနှင့် အထက်၊ အိမ်ထောင်စုလူဦးရေစာရင်းမှ ပြောင်းထွက်သွားသူများရှိပါက “ပြောင်းထွက်”ဟု မှတ်ချက်နေရာတွင် ရေးသားဖော်ပြပေးရန်တို့ကို ဆွေးနွေး ပြောကြားသည်။

အဆိုပါ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမြို့ နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံစီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)