ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster) ဆက်လက်ထိုးနှံ

ကျောက်တံခါး   ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ကျောက်တံခါးမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့က ကွင်းနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်း မာရေးဝန်ထမ်းများက ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် ပြည်သူလူထုများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းတို့ စသည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့သည်။

ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ယမန်နေ့က အသက် ၁၈နှစ်အထက် ဒေသခံပြည်သူတို့ကို တတိယအကြိမ် ထပ်ဆောင်း (Booster) အဖြစ် ထိုးနှံပေးခဲ့ပြီး၊ ကျောက်တံခါး မြို့နယ်တွင်ကိုဗစ်-၁၉ကာကွယ်ဆေး ထပ်ဆောင်း(Booster) ထိုးနှံပြီးစီးသူ (၁၄၆၆၉၂)ဦးရှိ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)