သီပေါမြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သီပေါ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက် (၉)နာရီက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချမှုများအား သင်တန်းသားများအနေဖြင့် ဂရုတစိုက် လေ့လာမှတ်သားကြရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် ကြီးကြပ်မှုကော်မတီဝင်များနှင့် စုပေါင်းမှတ်တမ်းပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက် ကြီးကြပ်မှုကော်မတီ  အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးတင်ကိုကိုဝင်း အပါအဝင် သင်တန်းနည်းပြ(၆)ဦးတို့မှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်စေရေးတို့အတွက် စာတွေ့၊ လက်တွေ့ ဆက်လက်ဆွေးနွေးပို့ချခဲ့ကြကြောင်းနှင့်   အဆိုပါသင်တန်းသို့  သင်တန်းသား (၂၉၄)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)