သရက်မြို့၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သရက် ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီနိုင်ငံ့တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားဖို့အတွက် အထွေထွေ ရွေးကောက်ပွဲကျင်းပရာမှာ ပြည်သူလူထုမှ မှန်မှန်ကန်ကန် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်ရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ကြောင်း၊ မြို့နယ်အဆင့်သင်တန်းကို ယနေ့ဖွင့်လှစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြေပြင်စာရင်းကောက်ယူမည့် အဖွဲ့တစ်ဖွဲ့လျှင် (၂)ဦးနှုန်း တက်ရောက်သင်ကြားကြခြင်းဖြစ်ကြောင်း၊ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့၏ လုပ်ငန်းတာဝန်များဟာ အချက် (၉) ချက်ရှိပြီး အသေးစိတ်မေးမြန်းကောက်ယူရမဲ့ အကြောင်းအရာတွေက များပြားကြောင်း၊ ယနေ့သင်တန်းသား၊ သင်တန်းသူများဟာ မြေပြင်တွင် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့် သင်တန်းပို့ချသွားရမဲ့ အဓိက တာဝန်ရှိသူ များဖြစ်တာကြောင့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူပြီး နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး ပြီးအောင် အောင်မြင်စေရန် ပံ့ပိုးကူညီပေးသွားကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာများမှ သင်တန်းသား၊ သင်တန်းသူ (၂၅၀) ဦးတို့အား သင်ခန်းစာများ ဆက်လက် ပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်