ရွှေကျင် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အ-ထ-က (ရွှေကျင်) ကျောင်းတွင် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (ထက်-လယ်-မူ) စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်မှစ၍ ကျင်းပသည်။
၂၀၂၃ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ (ထက်-လယ်-မူ) ပြိုင်ပွဲများတွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ စသည့်ပြိုင်ပွဲများကို ရွှေကျင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ (ထက်-လယ်-မူ) ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ၂၀၂၃ခုနှစ်(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)