အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီ က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 03,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိမှုများအား နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ခရိုင်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ငွေနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင် ၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူ ထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်အရှေ့ရပ်ကွက် ပြည်သူ့ရင် ပြင်နှင့်ပြည်သူ့ဥယျာဥ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လမ်း လျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
Dec 03,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စာရင်းများအားမြေပြင်တွင် တိုက်ဆိုင်စစ်ဆေးကွင်းဆင်းခြင်းကို ဒီဇင်ဘာ ၁ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်သိရသည်။
Dec 03,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒီဇင်ဘာလ၏(ပထမပတ်)လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ စတင်တာလွှတ်ခဲ့ရာ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ ဘုန်းကြီးကျောင်းအထိ  တစ်ပျော်တစ်ပါးပါဝင်စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။
Dec 03,2022
ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အခြေခံအကျဆုံးဖြစ် သည့်ပြည်သူလူထုများ ပါဝင်ဆင်နွှဲ၍နံနက်စောစော ထလမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားခြင်းကို နတ်မောက်မြို့ဌာနဆိုင်ရာများ စုပေါင်း၍ယနေ့နံနက် ၅နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့စုရပ် ပြုလုပ်ပြီးနတ်မောက်-မကွေးကားလမ်းမြို့အထွက် နတ်မောက်မြို့နယ်ဗိုလ်တေဇ အားကစားကွင်း အထိလမ်းလျှောက် ခဲ့ကြကြောင်းသိရသည်။
Dec 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက် ၅နာရီ က ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Dec 03,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ညနေ ပိုင်းက ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။