နတ်မောက် ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေ စာရင်းများအားမြေပြင်တွင် တိုက်ဆိုင်စစ်ဆေးကွင်းဆင်းခြင်းကို ဒီဇင်ဘာ ၁ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူးများ၊ စာရေးဝန်ထမ်းများ၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းတစ်အိမ်တစ်ဆင့် သွားရောက်ပြီး e-IDစနစ်ဖြင့်မှတ်ပုံတင် ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပုံစံ (၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်းပါအချက်များ မှန်မမှန်မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ နတ်မောက်မြို့ပေါ်(၇)ရပ်ကွက်ရှိ အိမ်ထောင်စု(၅၂၁၀)စုရှိပြီး ရပ်ကွက်အလိုက် ဆက်လက်ကွင်းဆင်းကောင်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း (ပြန်/ ဆက်)