အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က DC Surface Solar Pump စက်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် နွေစပါးဧက ၃၃၀၀ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဒေသတွင်းစားသုံးဆီဖူလုံတိုးတက်လာစေရေးအတွက် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဆီထွက်သီးနှံနေကြာ(၃၃၆၀)ဧကအား တောင်သူများမှ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်သည့် ဘုရားကြီးကုန်းကျေးရွာအုပ်စု ပေါင်ကြီးကျေးရွာ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇောနှင့်မီးလင်းရေးကော်မတီဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
Dec 02,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးဘေးလုံခြုံရေး စစ်ဆေးရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် နှင့် (၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက် (၆)လတာ ကာလတို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။