အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခုနှစ်အတွက် ကျောင်းတွင်းကာယစွမ်းရည်ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၇နာရီက အဆိုပါမူကြိုကျောင်းတွင် ကျင်းပခဲ့သည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဖွင့်လှစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ စာရင်းအား မြေပြင်တွင်  တိုက်ဆိုင်စစ်ဆေးပေးမည့်လုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၉
Dec 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုပ် စံပြစိုက်ခင်းအား တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပါမဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ကွင်း(၂၃၄)၊ တောင်သူ ဦးစိုးဝင်းကြီး၏ နေကြာစိုက်ခင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်  တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဒီဇင်ဘာ ၂ ရက်က မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့်အတူ
Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါးသီးနှံ စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ တောင်သူဦးစိုးနိုင်၏ ကွင်းအမှတ်(၉၅၂)ရှိ ဧရာမင်း မိုးစပါး စံပြကွက်စိုက်ခင်းတွင် ကျင်းပခဲ့သည်။
Dec 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက် အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။