မိုင်းယုမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းယု  ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ညနေ ပိုင်းက ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ကွင်းဆင်းကာ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူး ဦးစိုင်းနေမွန်ငြိမ်းနှင့် ဝန်ထမ်းများက အ.လ.က(ခွဲ)ဆမ်မိန်းနှင့်  အ.မ.ကကျောင်းများဖြစ်ကြသည့် နမ့်နော်၊ တာကြန့်၊ ဒွန်းနွဲ့၊ မိုင်းလွေနှင့် ဝမ်ဇလီကျောင်းများမှ အသက်(၁၀)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၃)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ရရှိရေးနှင့် ပျောက်ပျက်/လှဲလှယ် သူတို့အတွက်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည် ရရှိနိုင်ရေးတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့ ရှေ့တန်းရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမ ံချက်ဖြင့် လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ဗီးနိုင်းပိုစတာများ ပညာပေးစိုက်ထူခြင်းများ၊ ရပ်ကွက်/ကျေးရွာ များနှင့် အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပုံမှန်ကွင်းဆင်း၍ ဆောင်ရွက်ခြင်းနှင့် ပညာပေး ဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်