သီပေါမြို့အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ရှေးဦးပြုစုခြင်း  အခြေခံသင်တန်းဖွင့်လှစ်

သီပေါ ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီ က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့မှူးဒေါ်နန်းခင်ညွန့်လူက ကျောင်းသား၊ကျောင်းသူများ အနေဖြင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို ရှေးဦးပြုစုသည့်နည်းစနစ်များဖြင့် စနစ်တကျပြုစု ဆောင်ရွက် ပေးတတ်စေရန်စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့်ရည်ရွယ် ချက်များကိုရှင်းလင်း ပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၇၃)ဦးကို စာတွေ့၊ လက်တွေ့သင်ကြား        ပေးခဲ့ကြောင်းနှင့်အဆိုပါသင်တန်းကို ဒီဇင်ဘာလ(၂)ရက်နေ့မှ(၄) ရက်နေ့အထိ(၃) ရက်ကြာ သင်ကြားပေးသွား မည်ဖြစ်ကြောင်း  မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)