ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်တွင် ဒီဇင်ဘာလ (ပထမပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလူထုလမ်းလျှောက်ပွဲပြုလုပ်

ရန်ကုန်     ဒီဇင်ဘာ     ၃

ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားခရိုင် ၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူ ထုလှုပ်ရှား အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်အရှေ့ရပ်ကွက် ပြည်သူ့ရင် ပြင်နှင့်ပြည်သူ့ဥယျာဥ်အတွင်း မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက လမ်း လျှောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလူထုလမ်းလျှောက်ပွဲတွင် ပါဝင်လမ်းလျှောက်ကြသူများက ပြည်သူ့ရင်ပြင် အတွင်းတွင် ၅ပတ် လမ်းလျှောက်ခဲ့ကြပြီး စုရပ်တွင်ပြန်လည်နေရာယူကြကာ စုပေါင်း ကိုယ်လက်လေ့ကျင့် ခန်းများကို ဆောင်ရွက်ခဲ့ ကြသည်။ အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းသူကျော်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန် ထမ်းမိသားစုများ၊ရပ်ကွက်အုပ် ချုပ်ရေးမှူး များ၊ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်ပြည်သူများ စုစုပေါင်းအင်အား (၁၈၀) ကျော် တို့က ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်