နတ်မောက်မြို့၌ဒီဇင်ဘာလူထုအားကစားလဌာနဆိုင်ရာများစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်

နတ်မောက်    ဒီဇင်ဘာ ၃

ကျန်းမာရေးဝန်ကြီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အခြေခံအကျဆုံးဖြစ် သည့်ပြည်သူလူထုများ ပါဝင်ဆင်နွှဲ၍နံနက်စောစော ထလမ်းလျှောက်ခြင်းဖြစ်သည့် လူထုအားကစားလှုပ်ရှားခြင်းကို နတ်မောက်မြို့ဌာနဆိုင်ရာများ စုပေါင်း၍ယနေ့နံနက် ၅နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့စုရပ် ပြုလုပ်ပြီးနတ်မောက်-မကွေးကားလမ်းမြို့အထွက် နတ်မောက်မြို့နယ်ဗိုလ်တေဇ အားကစားကွင်း အထိလမ်းလျှောက် ခဲ့ကြကြောင်းသိရသည်။

အဆိုပါ လမ်းလျှောက်ခြင်းသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး နှင့်နိုင်ငံတော်အစိုး ရ၏ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ့ များနှင့်ဝန်ထမ်းများ၊ ကျောင်းဆရာ/မများ၊ မြို့နယ် ကျန်းမာရေးဆရာ/မများအင်အား (၂၅၀)ဦးဖြစ်ပြီးမြိုနယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှ နတ်မောက်မြို့နယ်ဗိုလ်တေဇ အားကစားကွင်းအထိ စုပေါင်းလမ်း လျှောက်ခဲ့ရာ အားကစားကွင်းအတွင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ် ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

လှဝင်း