မိုင်းယုမြို့၌ ဒီဇင်ဘာလ(ပထမပတ်) လူထုလမ်းလျှောက်ပွဲပြုလုပ်

မိုင်းယု ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ဒီဇင်ဘာလ၏(ပထမပတ်)လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ စတင်တာလွှတ်ခဲ့ရာ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ ဘုန်းကြီးကျောင်းအထိ  တစ်ပျော်တစ်ပါးပါဝင်စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ မြို့အုပ်ချုပ်ရေးမှူးဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသာ၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများပါဝင်ကြပြီး ယင်းဘုန်းကြီးကျောင်းဝင်းအတွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းတို့ကို   ပြုလုပ်ခဲ့ကြကြောင်းနှင့် ယင်းနောက်လမ်းလျှောက်ပွဲတို့ ပါဝင်ဆင်နွှဲကြသူများအား အလှူရှင်များက ဒေသအစားအစာများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။ 

ကိုကိုနိုင်