ရွှေတောင်မြို့နယ်တွင် ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက် ၅နာရီ က ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဒီဇင်ဘာလ လူထုအားကစားစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှ ပြည်-ရန်ကုန် ကားလမ်းတစ်လျှောက ကြို့ကုန်းကျေးရွာအုပ်စု ဒေါင်းဇွန်ကျေးရွာအထိ ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မြို့ပေါ် ( ၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ များနှင့် ပြည်သူလူထုများစုစုပေါင်းအင်အား (၃၅၀) ဦးခန့် လူထုအားကစားစုပေါင်းလမ်းလျှောက်ခဲ့ကြောင်းနှင့် စုပေါင်းကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)