အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ "နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jun 16,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီး​ဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီတွင် အ.ထ.က ၁ ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Jun 16,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နိုင်ငံသားကောင်းပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၄) သင်တန်းဖွင့်ပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်းတွင် ယနေ့နံနက် နံနက် (၈) နာရီက ကျင်းပရာ  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ တာဝန်ရှိသူများ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
Jun 16,2025
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ကျန်းမာရေးဝန်ထမ်း ဆရာမများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 16,2025
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံကျေးရွာပြည်သူများ ပူးပေါင်းကာ ဇွန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် အနောက်လက်ခုပ်ပင်ကျေးရွာ၌ ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။
Jun 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ကာ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥ၊ ငါး၊ ပုဇွန်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ချမ်းမြေ့ဈေးထိပ်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။