အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကြီးကြပ်မှုဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမွေးမြူရေးနှင့် တိရိစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဆင်းပွဲကို ယမန်နေ့က ကမာချောင်းကျေးရွာ အုပ်စု အေးချမ်းမြိုင်-၁ ကျေးရွာ ၊ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။
Jun 17,2025
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 17,2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွှဲပိုင်းက ဆန်လိုဒေသဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းဆန်အိတ်(၅၀၀၀) စီးဝင်/စီးထွက်လမ်းကြောင်းချောမွေ့စေရေး၊ ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Jun 17,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် စာစစ်ဌာနများဖြစ်သော ပျဉ်းမနားမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ စာစစ်ဌာနများသို့ အဆင်ပြေချောမွေ့စွာ လာရောက်‌နေမှု၊ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင် ဆူညံမှုမရှိစေရေး၊ သွားလာမှုအဆင်ပြေစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အလေးထားဆောင်ရွက်စေရေး၊ စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာစစ်ဌာနများတွင် အနှောင့်အယှက်နှင့် အခက်အခဲများ မရှိစေရေးအတွက် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေးမှာကြားခဲ့သည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ရေဘေးရှောင်ပြည်သူ(၁၂၉)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၄၅၀၀၀)ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။