ရွှေကျင်မြို့တွင် "နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကျင်းပ

ရွှေကျင် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ "နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ" စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က အခန်း(၈)တွင်ပါရှိသော ခွင့်ခံစားခြင်းအကြောင်းများမှ ရှောင်တခင်ခွင့်၊ ကူးစက်ရောဂါကာကွယ်ခွင့်၊ လုပ်သက်ခွင့်အကြောင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက အားလပ်ရက်ရှည်ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ ဆေးလက်မှတ်ခွင့်များအကြောင်း၊ ဒေါ်မို့မို့သွင် (ရုပ်သံ-၃)က နာမကျန်းပင်စင်ယူရတော့မည့် ဝန်ထမ်း၏ ခွင့်ခံစားမှုဆိုင်ရာကိစ္စရပ်များ၊ လစာမဲ့ခွင့်၊ မီးဖွားခွင့်အကြောင်းများနှင့် အငယ်တန်းစာရေး ဦးရဲမင်းက အထူးမသန်စွမ်းခွင့်၊ ဆေးရုံခွင့်၊ သဘေင်္ာသားနာမကျန်းခွင့်၊ ပညာလေ့လာဆည်းပူးခွင့်အကြောင်း စသည့်အကြောင်းအရာများကို ဖတ်ကြားစေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)