မိုးကောင်း ဇွန် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန်လ(၁၆)ရက်နံနက်(၉)နာရီတွင် စတင်ပြန်လည်ဖြေဆိုကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် အ.ထ.က(၁)စာစစ်ဌာနကို အ.ထ.က(၁)ကျောင်းတွင်လည်းကောင်း၊ အ.ထ.က-နမ္မတီးနှင့် အ.ထ.က-ပင်းဘောစာစစ်ဌာနကို အ.ထ.က(၂)ကျောင်းတွင်လည်းကောင်း စာရင်းရှိ ကျောင်းသား(၃၆၃)ဦး၊ ကျောင်းသူ(၅၉၃)ဦး စုစုပေါင်း(၉၅၆)ဦးအနက် ဖြေဆိုသူ ကျောင်းသား(၃၄၈)ဦး၊ ကျောင်းသူ(၅၈၄)ဦး စုစုပေါင်း(၉၃၂)ဦးဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၄၉ ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)