ပေါက်ခေါင်းမြိုနယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပေါက်ခေါင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံသံဃာဆောင်တွင် ကျန်းမာရေးဝန်ထမ်း ဆရာမများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer အားနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ပြီး အသစ်တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါပိုးသစ်အား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန် ထိရောက်မှုရှိသဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအားထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)