သုံးခွ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီတွင် အ.ထ.က ၁ ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ထပ်ဆောင်းထိုးနှံကြမည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့သည့်အပြင် ယမန်နေ့နံနက်ပိုင်းက သုံးခွမြို့ပေါ် ကျေးရွာအုပ်စုများရှိ ဆရာ၊ ဆရာမ စုစုပေါင်း ၃၄၀ အားထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)