မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

မော်လမြိုင်ကျွန်း ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ကာ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥ၊ ငါး၊ ပုဇွန်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ချမ်းမြေ့ဈေးထိပ်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ဆီ(စားအုန်းဆီ) တစ်ပိဿာလျှင်(၆၉၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျင်(၃၅၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၄၀၀)ကျပ်၊ ငါးမွှေးနီ တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဂျော့ပုစွန် တစ်ပိဿာလျှင် (၂၄၀၀၀) နှုန်းတို့ဖြင့် ပြင်ပပေါက်ဈေးထက်သက်သာသော‌‌ စျေးနှုန်းဖြင့်ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချရာသို့ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက ဝယ်ယူ‌ကြသူမျာအား ကြည့်ရှု့အား‌‌ပေးခဲ့ကြပြီး ရောင်းချရာတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)