အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု  ကညင်တိုင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းအား (၃)နှစ်ပြည့်ပြီးဖြစ်သောကြောင့် ကျေးရွာကော်မတီ အသစ် ပြန်လည်ရွေးချယ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
Mar 17,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ကံမ) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့နေ့လယ်၁၂ နာရီက သမိုင်းဘာသာရပ်အား ဖြေဆိုပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
Mar 17,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဒေသနေပြည်သူများ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန် မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေ ဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နေ့လည် ၁၁  နာရီခွဲအချိန်က  လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Mar 17,2023
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Mar 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ စာဖတ်ရှိန်မြင့်မားရေးအတွက် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊​ ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စု၊ ကျုံဒူး(တောင်)ကျေးရွာရှိ တောင်သူ ဦးဇော်သန်းထိုက်၏ ကွင်းအမှတ်(၃၆၃)၊ ဦးပိုင်အမှတ်(၈/၂)၊ ဧရိယာ(၂)ဧကတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ ဆောင်းနေကြာ ရေဆင်းစပ်မျိုး(၁) စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်  (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Mar 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား/သူလူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။